Pages

Sunday, November 4, 2012

Useful Applications

Android ဖုန်းတွေစပေါ်ခါစက ထည့်သွင်းခဲ့တဲ့ Applications လေးတွေပါ Version နှိမ့်ဖုန်းတွေအတွက်သုံးရတာအဆင်ပြေမယ်
လို့ထင်ပါတယ်...အထူးသဖြင့် Version 1.6+ 2.1 တွေမှာပါသုံး
လို့ရနိုင်ပါတယ်...

သုံးစွဲသူတွေအဆင်ပြေအောင်download link နှင့်အတူအသုံးဝင်
ပုံလေးတွေကိုပါရှင်းလင်းဖော်ပြ ထားပါတယ်။ 

01). aHome 
ဒီapplication လေးကတော့ မိမိရဲ့ဖုန်းကို ဒီဇိုင်းတစ်မျိုးနဲ့မြင်ချင်သူတွေအတွက် အဆင်ပြေမှာပါ။ ဖုန်းအတွင်းရှိ applications များကိုလည်း ဒေါင်လိုက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Download Link for aHome

02). Better Keyboard
       Android Phone တွေအတွက် keyboards တွေအများကြီးရှိတဲ့အနက် ယခု app လေးကလည်း လှပပြီးသပ်ရပ်တဲ့ keyboard လေးတစ်ခုပါပဲ။
Download Link for Better Keyboad

03). Contact Slidebar
       လှပတဲ့ Widget လေးတစ်ခုပါပဲ။ မိမိရဲ့ချစ်လှစွာသောလူလေးယောက် (သို့) အဆက်အသွယ်များတဲ့ လူလေးယောက်ကို ဒေါင်လိုက်မြင်ရမှာဖြစ်ပြီးအဲ့ဒီနေရာကနေပဲ msgပို့ ဒါမှမဟုတ်ဖုန်းခေါ်နိုင်ပါတယ်။ ဖုန်းခေါ်မယ်ဆို contact ထဲဝင်နေစရာမလို၊ msg ပို့မယ်ဆိုလည်း msg ထဲဝင်စရာမလိုတော့ပဲ လျှင်မြန်စွာနဲ့ခေါ်ဆိုနိုင်၊ msg ပို့နိုင်တဲ့အတွက် အရမ်းကိုအသုံးဝင်တဲ့ appလေးဖြစ်ပါတယ်။
Download Link for Contact Slidebar

04). Image Lock
ဓါတ်ပုံတွေကို lock ချနိုင်တဲ့ app လေးတစ်ခုပါ။ မိမိဖုန်းအတွင်းမှာ သူများမမြင်စေချင်တဲ့ ပုံလေးတွေရှိရင်တော့ သုံးသင့်တာပေါ့။ :P 
Download Link for Image Lock

05). Calender Widget
ပြက္ခဒိန် Widget လေးတစ်ခုပါပဲ။ လိုအပ်သူများ download လုပ်နိုင်ပါတယ်။ 
Download Link for Calendar Widget

06). Task Killer
       Android ဖုန်းအတွင်းရှိ မလိုအပ်သည်များ run နေသည်ကို ရှင်းပေးသည့် app လေးဖြစ်ပါတယ်။ အဲ့လိုရှင်းပေးခြင်းဖြင့် ဖုန်းရဲ့ လုပ်ဆောင်မူတွေက ပိုမိုသွက်လက်စေ ပါတယ်။ Android ဖုန်းတိုင်းမှာရှိသင့်တဲ့ application လေးတစ်ခုပါပဲ။
Download Link for Teskiller

07). Tube Downloader
       အင်တာနက်သုံးသူတိုင်းလိုလို youtube site ကိုဝင်ဖူးကြမှာပါ။ မိမိတို့ရဲ့ဖုန်းမှာ youtube က videos ဖိုင်တွေကို download ဆွဲဖို့အတွက် ဒီ app လေးကိုထည့်ပြီး download ဆွဲနိုင်ပါတယ်။
Download Link for Tube Downloader

08). Viber
       ဒီ application လေးကတော့အခုနောက်ပိုင်း အရမ်းကို popular ဖြစ်လာတဲ့ app လေးပါ။ ဖုန်းနှစ်ခုစလုံးမှာ အင်တာနက်လိုင်း (သို့) wifi ရှိရုံနဲ့ msg ပို့နိုင်တယ်။ ဓါတ်ပုံ ပို့နိုင်တယ်။ ဖုန်းလည်းပြောနိုင်ပါတယ်။ အင်တာနက်သုံးခလေးပဲ ကုန်ပြီး ဖုန်းပြောနိုင်တဲ့ အတွက် အရမ်းအသုံးဝင်တဲ့ app လေးတစ်ခုပါပဲ။
Download Link for Viber For Free Call

09). Firefox Browser
       ကွန်ပျူတာ မှာသုံးတဲ့ browser တစ်ခုပါပဲ။ ဖုန်းမှာ နဂိုပါတဲ့ browser ထက်ပိုမိုမြန် ဆန်ပြီး သုံးရတာလည်းအဆင်ပြေတဲ့ app လေးတစ်ခုပါပဲ။ facebook လို app မထည့် ထားတဲ့သူတွေဆို ဒီ browser သုံးပြီး facebook ဖွင့်တာက ဖုန်းမှာ နဂိုပါတဲ့ browser သုံး တာထက် ပိုမိုမြန်ဆန်တာကိုတွေ့ရမှာပါ။
Download Link for Firefox

10). Quick Office
       Pdf file, word file, Excel file တွေကို Android ဖုန်းနဲ့ ဖတ်ရူ့လေ့လာနိုင်မှာဖြစ် ပါတယ်။ အိမ်မှာကွန်ပျူတာသုံးဖို့
အချိန်မပေးနိုင်သူတွေအတွက် လမ်းသွားရင်း၊ကားစီး ရင်းစာဖတ်နိုင်တဲ့ app လေးဖြစ်တဲ့အတွက် အသုံးဝင်မှာပါ။
Download Link for Quick Office

11). VLC Player
       ဖုန်းအတွင်းရှိ video files များကို ကြည့်ရူ့နိုင်တဲ့ application လေးပါ။ တစ်ခုရှိတာ ထည့်ထားတဲ့ video files တွေက ဖုန်းအတွက် support ဖြစ်တဲ့ format ဖြစ်ဖို့တော့လို ပါတယ်။
Download Link for VLC Player

12). Dolphin Browser
       Firefox Browser လိုပဲ အင်တာနက်ကြည့်နိုင်တဲ့ browser လေးတစ်ခုပါပဲ။ ဒီ app လေးကတော့ ငါးရုပ်ကလေးနဲ့ သပ်သပ်ရပ်ရပ် ရှိပြီး နှစ်လိုဖွယ်ကောင်းတဲ့ ဒီဇိုင်းလေးမို့ သုံးစွဲသူတွေ သဘောကျမှာသေချာပါတယ်။
Download Link for Dolphin Browser

13). Call Recorder
       ဒီ application လေးကတော့ နှစ်ဦးနှစ်ဖက် ဖုန်းပြောတဲ့အသံတွေကို မှတ်ပေးထား တဲ့ software လေးတစ်ခုပါ။ ဒီလိုမှတ်ထားခြင်းဖြင့် အရေးကြီးတဲ့ လမ်းညွန်မူတွေပြော ထားတာကိုမေ့သွားတယ်ဆိုရင် ဖုန်းပြောထားတာတွေကို ပြန်နားထောင်လို့ရပါတယ်။ တကယ့်ကိုအသုံးဝင်တဲ့ software လေးတစ်ခုပါ။ setting တွေလည်းချိန်လို့ရပါတယ်။ ဥပမာ - ဘယ်သူ့ဆီက လာတဲ့ဖုန်းကိုပဲ record လုပ်မယ်၊ ဘယ်နေရာမှာ fileတွေကို သိမ်းမယ်၊ file တွေကိုဘယ်နှစ်ခုအထိပဲ store လုပ်မယ် စသည့်ဖြင့် ပြောင်းလဲပြင်ဆင်မူ တွေပြုလုပ်နိုင်ပါသေးတယ်။
Download Link for Call recoder

14). Titanium Backup
       Android ဖုန်းအတွင်းရှိ data များကို backup လုပ်ပေးနိုင်တဲ့ application လေးတစ်ခုပါ။
Download Link for Titanium Backup

15). Facebook
       ဒီ app လေးကတော့ အင်တာနက်သုံးသူတိုင်း သိကြတဲ့ app လေးတစ်ခုပါ။ ယခု ခေတ်မှာ အရမ်းကို လူသုံးများတဲ့ app လေးဆိုလည်းမမှားပါဘူး။ ဒီapp လေးထည့်ထား ခြင်းဖြင့် ဖုန်းအတွင်းရှိ browser address bar တွင် www.facebook.com ဟုရိုက်ပြီး သုံးရန်မလိုတော့ပဲ app လေးဖွင့်ပြီး Sign In တစ်ခါတည်းပြုလုပ်နိုင်မှာပါ။
Download Link for Facebook

16). Web Video Downloader
       အင်တာနက်သုံးပြီး website တွေကြည့်တဲ့အခါမှာ လိုချင်တဲ့ video files လေးတွေ တွေ့ရင် သိမ်းထားချင်ကြမှာပါ။ အဲ့လိုအခြေအနေမျိုးမှာအသုံးဝင်တဲ့ app လေးတစ်ခုပါပဲ။
Download Link for Web video Downloader

No comments:

Post a Comment