Pages

Wednesday, November 7, 2012

ကစားလို့ကောင်းတဲ့ Android Game များ

ဒီ post လေးမှာ ကစားလို့ကောင်းတဲ့ Android Game လေးတေကို ထည့်သွင်းပေးထားပါတယ်။
ကိုယ့်အကြိုက်သူ့အကြိုက်တော့ဘယ်တူမလဲပေါ့နော်…ဒီလိုတွေမဖြစ်ရအောင် ဂိမ်းအကြောင်းလေး အနည်းငယ်ရေးပြီး download link နဲ့အတူတင်ပေးလိုက်ပါတယ်။ ဒီလိုဆိုတော့ downloadလုပ်ပြီးမှ ကိုယ်မကြိုက်လို့ဖျက်ပစ်ရတဲ့ အနေအထားမရှိတော့ဘူးပေါ့…..

01). Devilry Huntress
        ဒီဂိမ်းလေးကတော့ puzzle ဂိမ်းအမျိုးအစားလေးပါ။ ဖြတ်ထိုးဥာဏ်ကောင်းရင်ကောင်းသလို
မြန်မြန်အဆင့်တက်တဲ့ဂိမ်းလေးပါ။ ဒီဂိမ်းလေးက အရိုးခေါင်းတွေ၊သရဲမျက်နှာတွေ၊ကြောက်ဖို့ကောင်း တဲ့အကောင်တွေနဲ့စုစည်းထားပြီး အဲ့ထဲမှာပါတဲ့ အင်္ဂလိပ်စာလုံးလေးတွေကို အောက်ဘက်ကိုမြန်မြန် ရောက်အောင်ရွေ့ပေးရတဲ့ ဂိမ်းလေးပါ။ အချိန်ကလည်းသက်မှတ်ပေးထားပါသေးတယ်။ ကျွန်တော့်ရဲ့ favourite ဂိမ်းဆိုရင်လည်းမမှားပါဘူး။ puzzle ဂိမ်းအမျိုးအစားတွေကိုဆော့ရတာနှစ်သက်တဲ့လူဆိုရင် ကြိုက်မှာသေချာပါတယ်။ တစ်ခုကောင်းတာက ဒီဂိမ်းလေးကို android version အနှိမ့်တွေမှာလည်း ထည့်သွင်းဆော့ကစားနိုင်ပါတယ်။

02). Chessmaster & Checkerspro
        ဒီဂိမ်းလေးနှစ်ခုကတော့ chessထိုးတာနဲ့ကျားထိုးတာကိုဝါသနာပါတဲ့ သူငယ်ချင်းတို့အတွက် အဆင်ပြေမှာပါ။ ဒီဂိမ်းလေးတွေက ဦးနှောက်ကိုအလုပ်ပေးတဲ့ဂိမ်းလေးတွေဖြစ်တဲ့အတွက် ကျန်မာရေး ကိုလည်းကောင်းမွန်စေပါတယ်။ ဆေးပညာစာအုပ်တွေမှာတောင် ဒီလိုဦးနှောက်အလုပ်ပေးတဲ့ဂိမ်းလေး တွေ တစ်ခါတစ်ရံ ဆော့ပေးသင့်တယ်လို့ အကြံပြုထားတာတွေ့ရပါတယ်။ ကြိုက်နှစ်သက်ပါက ဒေါင်း သွားနိုင်ပါတယ်ဗျာ…..

03). Real Life Games Package
        ဒီ package ထဲမှာ အရမ်းဆော့လို့ကောင်းတဲ့ဂိမ်းလေး လေးခုထည့်ပေးထားပါတယ်။ အထူးသဖြင့် 
မိန်းကလေးတွေကြိုက်နှစ်သက်ကြမှာပါ။လူ့ဘ၀မှာတကယ်လုပ်ဆောင်နေကြတဲ့ဂိမ်းအမျိုး အစားလေး
တွပါ။ ပါဝင်တဲ့ဂိမ်းတွေကတော့
-     Farm Frenzy
ဒီဂိမ်းလေးကတော့ အကောင်တွေမွေးရတာပါ။ ကြက်၊နွား၊သိုး…အစရှိသည်အကောင်မျိုးပါ။ ပြီးရင် ကြက်ဥ၊ နွားနို့၊သိုးမွှေးတွေကိုလည်း ကားနဲ့အပြင်ကိုထုတ်ရောင်းပေးရပါသေးတယ်။ ခြံထဲကိုအဖျက် ကောင်တွေလာရင်လည်းတိုက်ခိုက်ပေးရပေးသေးတယ်။ ခြံထွက်ပစ္စည်းတွေနဲ့ မုန့်တွေ၊ ပစ္စည်းတွေကို လည်းပြုလုပ်ပြီးရောင်းပေးရပါသေးတယ်။ ဇာတ်လမ်းတွဲကြီးဖြစ်တဲ့အတွက် ဒီဂိမ်းတစ်ခုinstallလုပ်ထား ရင်အမုန်းဆော့ရမှာပါ။
-     Burgermania
ဒီဂိမ်းကတော့ နာမည်လေးကြည့်ရုံနဲ့ဘာဂိမ်းလဲဆိုတာသိကြမှာပါ။ ဘာဂါ၊ အအေး၊ ကော်ဖီ၊ အာလူး ကြော်တွေရောင်းတဲ့ဂိမ်းလေးပါ။ customer တွေကို မြန်မြန်လေးဘာဂါရောင်းပေးရတာပါ။ အရမ်းကြီး ကြာသွားရင် သူတို့ကစိတ်တိုပြီးပြန်သွားရင်တော့ အမှတ်လျှော့ပြီပေါ့…
-     Cookingdash
ဒီဂိမ်းလေးကတော့ ဟင်းချက်ပြီးရောင်းရတဲ့ဂိမ်းလေးပါ။ အရမ်းပဲဆော့လို့ကောင်းပါတယ်။ ဟင်းတွေ တူးသွားရင်တော့ လွှင့်ပစ်ရပြီပေါ့။ ယောက်ျားယူတော့မယ့် ညီမလေးတွေဒီဂိမ်းလေးနဲ့ဟင်းချက်လေ့ ကျင့်ကြပေါ့ဗျာ…:P
-     Dinnerdash
ဒီဂိမ်းကတော့ စားပွဲထိုးလုပ်ရတဲ့ဂိမ်းလေးပါ။ customerလာရင်နေရာပေးရတယ်။ menuပေးရတယ်။ မှာထားတဲ့အစားအသောက်တွေကိုချပေးရတယ်။ သူတို့ပြန်သွားရင် ပိုက်ဆံသိမ်း၊စားပွဲရှင်းရတယ်။ ကလေးပါလာတဲ့လူဆိုရင် ကလေးအတွက်ထိုင်ခုံချပေးရတယ်။ ကလေးကရူရူးပေါက်သွားရင်လည်း သန့်ရှင်းရေးလုပ်ပေးရသေးတယ်ဗျာ…

အထက်ပါဂိမ်းလေးခုစလုံးကို package လိုက်ပဲတင်ပေးလိုက်ပါတယ်။ လေးခုစလုံးကစွဲမက်ဖွယ်ကောင်း
တဲ့ ဂိမ်းလေးတွေပါပဲ။ ဂိမ်းလေးခုစလုံးက version အနှိမ့်ဖုန်းတွေမှာလည်း ထည့်သွင်းကစား နိုင်ပါ
တယ်။
Download Link for Real Life Games 


04). Ant Smasher
        အကုသိုလ်အလုပ်တွေလုပ်ကြမယ်လေ..ဟဲဟဲ..ဒီဂိမ်းလေးကတော့ ပုရွတ်ဆိတ်လေးတွေသတ်တဲ့ဂိမ်းပါဗျာ။ ပုရွတ်ဆိတ်နဲ့ယင်ကောင်တွေ သတ်ပေးရမှာပါ။ တစ်ကောင် လွတ်သွားရင် အသက်တစ်ခု ဆုံးရူံးပါတယ်။ levelများ လာရင်အသက်တွေထပ်ပေးပါတယ်။ ဒါပေမယ့်တစ်ခုရှိတာက ပျားတွေလာရင်တော့ မသတ်ရပါဘူး။ တစ်ခါတစ်လေ ပျားတွေက ပုရွတ်ဆိတ်နားကပ်နေတဲ့အခါလိုရင် အရမ်းခက်တာပဲ။ ပုရွတ်ဆိတ်နဲ့ယင်ကောင်တွေကိုလည်းသတ်နိုင် တယ်။ ပျားတွေကိုလည်းမှားမသတ်ဘူးဆိုရင် အမှတ်တွေကများပြီးရင်းများပဲပေါ့ဗျာ…သူငယ်ချင်းတွေနဲ့ ငါအကောင် ဘယ်လောက်သတ်နိုင်လဲဆိုပြီးတောင်ပြိုင်လို့ရတယ်နော်။ သဘောကျနှစ်သက်မယ်ဆိုရင် ဒေါင်းသွားနိုင်ပါတယ်။
Download Link for AntSmasher

05). Beatdown Boxing
        အထိုးအကြိတ်ဝါသနာပါရင်တော့ ဒေါင်းပြီးဆော့ပေါ့ဗျာ။ လက်ဝှေ့ထိုးရတဲ့ဂိမ်းလေးပါ။ တစ်ခါတစ်လေအရမ်း စိတ်တိုပြီးမွန်းကျပ်လာရင် ဒီလိုစိတ်ထွက်ပေါက်ပေးတဲ့ ဂိမ်းမျိုးလေးဆော့ရင်ကောင်းတာပေါ့။ :P သူငယ်ချင်းတို့လည်း ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။
Download Link forBeatdown Boxing

06). Bejeweled
          စိန်တုံးလေးတွေကို အရောင်တူ၊ ဒီဇိုင်းတူတာကို ဘေးတိုက်၊အလျှားလိုက်၊ ဒေါင်လိုက် စီးပြီျးာက်ပေး ရတဲ့ puzzle ဂိမ်း လေးပါ။ ဦးနှောက်ကိုအလုပ်ပေးတဲ့ ဂိမ်းလေးဖြစ်တဲ့အတွက် ဥာဏ်ရည်ထက်မြက်စေပါတယ်။ ဘယ်လိုပုံစံနဲ့ဆော့ချင် လဲဆိုတာကိုလည်းရွေးလို့ရအောင် type တွေခွဲပေးထားပါသေးတယ်။ လိုအပ်ပါက ဒေါင်းနိုင်ပါတယ်ဗျာ။
Download Link for Bejeweled

07). Cubik
        ဒီဂိမ်းလေးကတော့ အတုံးစီတဲ့ ဂိမ်းပါ။ အတုံးစီတယ်ဆိုရင် တော်တော်များများသိကြမှာပါ။ ဒီဇိုင်းမတူတဲ့အတုံး လေးတွေကို တစ်ပြေးညီတဲ့ဖြစ်အောင်လုပ်ပြီးဖျောက်ပစ်ရမှာပါ။ များများစားစား တစ်ခါတည်းဖျောက်နိုင်ရင် အမှတ်တွေ အများကြီးရမှာပါ။ ငယ်ငယ်တုန်းက များများဖျောက်လို့ရအောင်စုထား အတန်းရှည်ကြီးလာအောင်စောင့်တာကို အခုထိ မှတ်မိသေးတယ်။ အဲ့တုန်းကတော့ TV Game ဆော့တာပေါ့။ နှစ်ယောက်အတူတူပြိုင်ပြီး ဆော့ရတာ တကယ်ပျော်ဖို့ ကောင်းပါတယ်။ ဒါကတော့မမေ့နိုင်တဲ့ဖြစ်ရပ်လေးပေါ့…ကဲအခုတော့ဖုန်းထဲမှာဆော့ချင်ရင်ဒေါင်းနိုင်ပါတယ်ဗျာ။
Download Link for Cubik

08). Doodle Jump
          ဒီဂိမ်းလေးကတော့ အကောင်လေးက အတုံးလေးတွေပေါ်ကနေတစ်ဆင့် အပေါ်ကိုခုန်ခုန်တက်သွားရတာပါ။ စပရိန်ပါတဲ့အတုံးကိုနင်းမိရင်တော့ အဝေးကြီးကိုခုန်တက်နိုင်တာပေါ့။ များများတက်နိုင်လေ အမှတ်များများရလေပါပဲ။ ဒါပေမယ့်ကောင်လေးအမှတ်များများရပြီး ရူံးတဲ့အခါဆိုရင်အောက်ကိုကျသွားတာ အရမ်းအထိနာတယ်။ဒီဂိမ်းလေးကို ကစားရင်း လောကမှာဖြစ်တဲ့တက်အကြောင်းလေးတစ်ခုကို တွေးမိတယ်ဗျ။ ဘ၀ဆိုတာလည်းဒီလိုပဲလေ…ကောင်လေး လိုအမြင့်ကိုတက်ရမယ်။ စပရိန်လိုကိုယ့်ဘ၀ကိုမြှင့်တင်ပေးနိုင်တဲ့အခွင့်အရေးရရင်တော့ တိုးတက်တာမြန်တာပေါ့။ ဒါပေမယ့်တစ်ခုအရေးကြီးတာက အမြင့်ရောက်လေလေ ကိုယ့်ကိုယ်ကိုဘ၀င်မမြင့်ဖို့၊ ထိန်းသိမ်းတက်ဖို့လိုတယ်ဗျ။ မဟုတ်ရင်တော့ ဒီဂိမ်းထဲကကောင်လေးလိုပဲ အရမ်းကြီးအမြင့်ရောက်ပြီးမှကျရင် အထိနာတယ်ဆိုတာပါပဲ။ ကဲ..သူငယ်ချင်းတို့လည်း ကစားမယ်ဆိုရင်အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်ဗျာ။
Download Link for DoodleJump

09). Find Differences
          ဒီဂိမ်းလေးကတော့ တူမလိုလိုနဲ့ကွဲတဲ့ ပုံကားနှစ်ချပ်ပေးထားတယ်။ အဲ့ပုံနှစ်ခုထဲကနေ မတူတဲ့ ငါးခုကိုရွေးပေး ရမှာပါ။ ငါးခုစလုံးရွေးနိုင်ရင်တော့ တစ်ဆင့်တက်ပြီပေါ့။ ရွေးဖို့အချိန်ကလည်းသတ်မှတ်ပေးထားသေးတယ်နော်။ level မြင့်လေ ပေးတဲ့အချိန်ကလည်းနည်းသွားလေပါပဲ။ အချိန်တွေပိုရင်တော့အမှတ်ပိုရတာပေါ့။ မျက်စိအလုပ်ပေးရတဲ့ဂိမ်း လေးမို့ တစ်မျိုးပျော်ဖို့ကောင်းမှာပါ။
Download Link for FindDifferences
 
       

No comments:

Post a Comment