ဒီ appလေးကတော့ iphone,ipad,ipod တွေရဲ့version 5
အထက်မှာအသုံးပြုနိုင်တဲ့ assistive touch နဲ့လုပ် ဆောင်မူခြင်းအတူတူပါပဲ။ Android
Phone တွေမှာ home button ခဏခဏသုံးရင် ခလုတ်တွေပျက်လာတာ၊ အရောင်
မှိန်လာတာတွေတွေ့ရပါတယ်။ ဒီ appလေးကိုသုံးမယ်ဆိုရင်တော့ home button
သုံးစရာမလိုတော့ပါဘူး။ ဖုန်းထဲမှာ ဘာဂိမ်း၊ ဘာappပဲဖွင့်ဖွင့် အလုံးလေးတစ်ခုက
ဖုန်းရဲ့တစ်နေရာမှာ
အမြဲပေါ်နေပြီး home screen ကိုရောက်အောင် နှိပ် လို့ရပါတယ်။ အဲ့ appလေးကို
သုံးပြီး
ဖုန်းကိုlockလုပ်လို့ရပါတယ်။ ဒါအပြင့် ဖုန်းfunctionတွေဖြစ်တဲ့ အလင်းအမှောင်၊ Buletooth,
Wifi, Apn အစရှိတာတွေ ကိုအဖွင့်အပိတ်လုပ်လို့ရအောင်လည်းလုပ်ပေးထားပါတယ်။ နောက်
function တစ်ခု
ကတော့ Favourite ဆိုတဲ့ထဲမှာမိမိနှစ်သက်တဲ့၊ အသုံးများတဲ့
applications 8ခုကို shortcut အနေနဲ့ထည့်
ထား လို့ရပါတယ်။
အမြန်ဖွင့်လို့ရတဲ့အတွက်အဆင်ပြေတာပေါ့။ file size ကလည်း 1.17MBပဲရှိပါတယ်။ file
size နည်းနည်း လေးနဲ့ အသုံးဝင်တဲ့ function တော်တော်များများပါတဲ့ app လေးကို
လိုချင်တယ်
ဆိုရင်တော့ ဒေါင်းသွားနိုင်ပါတယ်ဗျာ။
Download Link for EasyTouch
Sunday, November 11, 2012
Saturday, November 10, 2012
Love Calculator App for Android Phone
ဒီ appလေးကတော့ ချစ်ခြင်းမေတ္တာတွေကို တိုင်းတာတဲ့ app လေးပါ။ မှန်မမှန်တော့မသိဘူးပေါ့။ တစ်ခြား app တွေလို random အဖြေထုတ်ပေးတာမျိုးတော့မဟုတ်ပါဘူး။ လူနှစ်ယောက်ရဲ့ချစ်ခြင်းကို ဘယ်ဖုန်းနဲ့ပဲတွက်တွက် ဒီအဖြေ ပဲထွက်ပါတယ်။ app လေးအသုံးပြုပုံကတော့ အပေါ်ဘက်မှာ မိမိချစ်သူရဲ့ပထမဦးဆုံးစာလုံးကိုထည့်ပါ။ နောက် တစ် ဆင့်မှာ မွေးနေ့၊မွေးလ၊ မွေးရက်ကိုထည့်ပါ။ အောက်ဘက်မှာ ကိုယ့်ရဲ့ နာမည်အစ စာလုံးနဲ့မွေးနေ့၊မွေးလ၊ မွေး ရက်ကို ထည့်ပါ။ ပြီးရင်တော့ Calculate ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါ။ အသဲပုံနှစ်ထပ်ကလေးနဲ့ % ထွက်လာပါ လိမ့်မယ်။ ဒါကတော့ ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်လောက်% ချစ်လဲဆိုတာကိုတွက်တာပါ။ ကိုယ်ကကိုယ့်ချစ်သူကို ဘယ်လောက်% ချစ်လဲဆိုတာကိုတွက်ချင်ရင်လည်း တွက်လို့ရပါတယ်။ အပေါ်ကနည်းအတိုင်းကိုပြောင်းပြန်တွက် လိုက်ရုံပါပဲ။ ^^^ ငါကနင့်ကို ဘယ်လောက် % ချစ်တယ်။ နင်ကတော့ငါ့ကို % နည်းနည်းလေးပဲချစ်တယ် ^^^ ဆိုပြီး တော့တော့ ရန်ဖြစ်ကြနဲ့နော်…ဟဲဟဲ…ကဲ သမီးရည်းစားနှစ်ယောက်ဒီappလေးသုံးပြီး ကြည်နူးနိုင်ကြပါစေ။
Download Link for LoveCalculator
App Saver Application for Android Phone
ဒီ app လေးကတော့ ကိုယ့်ဖုန်းထဲမှာ ရှိတဲ့ games တွေ၊ app တွေရဲ့ installer file (.apk) ဖိုင်တွေကို ပြန်ယူတဲ့ app လေးပါ။ .apk ဖိုင်ကမရှိတော့ဘူး။ သူငယ်ချင်းကလည်းအခုလိုချင်တယ်။ download ဆွဲတာ မစောင့်ချင်ဘူးဆိုတဲ့ အခြေအနေမျိုးမှာ အရမ်းကိုအသုံးဝင်တဲ့ appလေးပါ။ ဒါအပြင် apk file တွေဖုန်းထဲမှာသိမ်းထားစရာမလိုတဲ့အတွက် memory ပြည့်နေတဲ့အဖြစ်မျိုးမကြုံတော့ဘူးပေါ့။ app အသုံးပြုတဲ့နည်းလေးကတော့ လိုချင်တဲ့app တစ်ခုကို အမှန်ခြစ် ခြစ်လိုက်ပါ။ ပြီးရင် option ကိုနှိပ်ပြီး save apps ဆိုတဲ့ မျက်နှာပြုံးပြုံးလေးကို နှိပ်လိုက်ပါ။သိမ်းပြီးကြောင်းစာတန်းတက် လာရင် ဖုန်းရဲ့SD card ထဲက appsaver ဆိုတဲ့ folderထဲမှာ apk ဖိုင်လေးကို တွေ့ရမှာဖြစ်ပါတယ်။ အဆင်ပြေကြလိမ့် မယ်လို့မျှော်လင့်ပါတယ်ဗျာ။ လိုအပ်ပါကအောက်ကလင့်တွင် ဒေါင်းသွားနိုင်ပါကြောင်း……
Download Link for AppSaver
Friday, November 9, 2012
Moon+Reader pro 1.8.5
အခုရက်ပိုင်းလေးမှာ ကျွန်တော် iPhone လေးတစ်လုံးနဲ့အလုပ်နည်းနည်းရှုပ်နေခဲ့တဲ့အတွက်
ပိုစ့်တင်တာကျဲသွားခဲ့ပါတယ်.
ဒါကြောင့်မိုလို့လဲ အခုရက်ပိုင်းမှာ အသစ်ထွက်ခဲ့တဲ့ applications လေးတွေကိုဦးစားပေးပြီးတော့
တင်သွားချင်ပါတယ်
Moon+Reader pro 1.8.5 ဒေါင်းလော့
ဒါလေးကတော့ စာအုပ်ဖတ်လို့တော်တော်လေးကောင်းတဲ့ ဟာလေးပါ
အောက်မှာဒေါင့်လော့လုပ်ယူနိုင်ပါတယ်ခင်ဗျာ...
ဒေါင်းလော့အဆင်မပြေမှုများရှိပါက ကွန့်မန့်ပေးခဲ့နိုင်ပါကြောင်း....

Wednesday, November 7, 2012
Helidroid 3D full Apk
ဒါလေးကလေယာဉ်ပျံမောင်းတဲ့ ဂိမ်းလေးပါ.. ဆော့လို့တော်တော်ကောင်းပါတယ်.
နောက်ပိုင်းအဆင့်တွေရောက်လာရင် ပိုပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ 3D Game လေးပါ
Graphic ပိုင်းတော်တော်လေးကောင်းပါတယ်.. Mediafire လင့်ကနေဒေါင်းလို့ရအောင်
တင်ပေးထားပါတယ်... Screen short အနေနဲ့ကတော့ အချိန်လိုအပ်ချက်ကြောင့်
မတင်ပေးနိုင်တော့ပါခင်ဗျာ...
ဒေါင်းလော့လုပ်ရန်နှိပ်ပါ.

AE 3D Motor v1.0.561 download Android apk
ဟဲဟဲ ဒါလေးကတော့ ရန်ကုန်မြို့မှာ ဆိုင်ကယ်မောင်းလို့မရတဲ့သူငယ်ချင်းတွေအတွက်
ဖုန်းလေးထဲမှာပဲမောင်းကြတာပေါ့ခင်ဗျာ..
အရှိန်မြန်မြန်နဲ့ လီဘာကုန်ဆွဲချင်ရင်တော့ screen လေးကိုတောက်လိုက်ပါ..အံသြစရာ
စိတ်ဝင်စားစရာ မြင်ကွင်းလေးတွေနဲ့ ပျော်စရာကောင်းကောင်းဆိုင်ကယ်မောင်းကြတာပေါ့ဗျာ
ဟဲဟဲ..လိုင်စင်မရှိလို့ ဘဲဥတွေလဲကြောက်စရာမလိုဘူးနော်..ဆီလဲကုန်မှာဟုတ်ဘူး
ကြိုက်သလောက်သာမောင်းကြဗျာ...ကဲအောက်မှာဒေါင်းကြပါဦး..
ဒေါင်းလော့လုပ်ရန် ကလစ်နှိပ်ပါ

ကစားလို့ကောင်းတဲ့ Android Game များ
ဒီ post
လေးမှာ ကစားလို့ကောင်းတဲ့ Android Game လေးတွေကို ထည့်သွင်းပေးထားပါတယ်။
ကိုယ့်အကြိုက်သူ့အကြိုက်တော့ဘယ်တူမလဲပေါ့နော်…ဒီလိုတွေမဖြစ်ရအောင်
ဂိမ်းအကြောင်းလေး အနည်းငယ်ရေးပြီး download link နဲ့အတူတင်ပေးလိုက်ပါတယ်။ ဒီလိုဆိုတော့
downloadလုပ်ပြီးမှ ကိုယ်မကြိုက်လို့ဖျက်ပစ်ရတဲ့ အနေအထားမရှိတော့ဘူးပေါ့…..
Tuesday, November 6, 2012
Android Phone တွေအတွက် KBZ BANK app လေးပါ
အခုခေတ်မှာဆိုရင် လူတော်တော်များများ ငွေစုစာအုပ်ကိုယ်စီရှိကြပါတယ်။ တစ်ချို့ companyက၀န်ထမ်း
တွေအတွက်လစာကို Bank Account ကိုငွေလွဲပေးတာတို့၊ ATM ကဒ်နဲ့လစာပေးတာတို့တွေပြုလုပ်လာ
ကြပါပြီ။ ဒီလို IT ခေတ်ကြီးမှာ မိမိတို့ရဲ့ဖုန်းထဲမှာ bank နဲ့ပတ်သက်တဲ့ app လေးတစ်ခုရှိတော့ကောင်း
တာပေါ့။ ဒီ app ထဲမှာ ပါဝင်တဲ့ feature တွေကတော့
- ဘဏ်၏၀န်ဆောင်မူများကိုအလွယ်တကူသိရှိနိုင်ခြင်း။
- Exchange Rate များကိုကြည့်ရူ့နိုင်ခြင်း။
Update ဖြစ်တဲ့ rate ကိုကြည့်ချင်ရင်တော့ အင်တာနက်ခဏဖွင့်ပေးရမှာဖြစ်ပါတယ်။
- ATM ကဒ်တည်နေရာများကို ရှာဖွေနိုင်ခြင်း။
- မြန်မာတစ်နိုင်ငံလုံးရှိ KBZ ဘဏ်များ၏ တည်နေရာ၊ ဖုန်းနံပါတ်များကိုသိရှိနိုင်ခြင်း။
- KBZ ဘဏ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုသိရှိနိုင်ခြင်း။ တို့ပဲဖြစ်ပါတယ်။
သူငယ်ချင်းတို့လည်းလိုအပ်လျှင် ဒေါင်းနိုင်ပါတယ်ခင်ဗျာ....
Download Link
စိတ်မကောင်းစရာတစ်ခုကတော့ ဒီ appလေးက Android version 4.0အထက်မှပဲထည့်သွင်း
အသုံးပြုနိုင် မှာဖြစ်တဲ့အတွက် version အနှိမ့်ဖုန်းတွေဆိုရင်တော့ အသုံးပြုလို့မရပါဘူးခင်ဗျာ။
မူရင်းလင့်ကတော့ဒီမှာပါ

YKKO မှာကြေးအိုးသွားသောက်ကြမယ်
YKKO ကြေးအိုးဆိုင်ကတော့ တော်တော်များများနှစ်သက်တဲ့ဆိုင်လေးတစ်ဆိုင်ပါ။
ဒီဆိုင်လေးနာမည်ကြီးရတဲ့အကြောင်းအရင်းက ကြေးအိုးတင်မဟုတ်ပဲ တစ်ခြားအစားအသောက်များစုံလင်စွာရပြီးအရသာရှိလို့ နာမည်ကြီးတယ်လို့ ကျွန်တော်ထင်တယ်ဗျ
ကျွန်တော်ကတော့ အဲ့ဆိုင်မှာ အမှတ်ရစရာလေးတွေရှိလို့ ဒီ app လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ :)
ဒီ app လေးကို အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့်အသုံးပြုနိုင်ပါတယ်။
YKKO မှာရတဲ့ အစားအသောက်စာရင်းများ၊ ဆိုင်တည်နေရာများကို app လေးသွင်းထားရုံဖြင့် ဖုန်းထဲကနေ အလွယ်တကူသိရှိနိုင်ပါတယ်။
ဆိုင်တည်နေရာများကိုလည်း လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံထည့်သွင်းပေးထားတာကိုမြင်ရမှာပါ။
အဲ့ဆိုင်က Pork Sartay, Chicken Sartay နဲ့ Fish Sartay ကတော့နာမည်ကြီးပဲဗျ။
လိုအပ်လျှင်အောက်ပါလင့်တွင် ဒေါင်းနိုင်ပါတယ်ခင်ဗျာ...
Download Link
မူရင်းလင့်ကတော့ ဒီမှာပါခင်ဗျာ
Android Phone ပေါ်ကနေ Journals တွေဖတ်ကြမယ်
ပြောင်းလဲလာတဲ့ အင်တာနက်ခေတ်ကြီးမှာ IT သမားတော်တော်များများဟာ ဂျာနယ်တွေကို download လုပ်ပြီးဖတ်ကြပါတယ်။ ဒီလို ဖတ်ရတာ အဆင်ပြေပေမယ့် အပတ်စဉ် download လုပ်ဖို့လိုပါတယ်။ အခု တင်ပေးထားတဲ့ applications လေးတွေကိုဖုန်းထဲမှာ install လုပ်ထားမယ်ဆိုရင် အပတ်စဉ် download လုပ်စရာမလိုတော့ပါဘူး။ သတင်းများကိုအချိန်နဲ့တစ်ပြေးညီ ဖတ်ရူ့နိုင်မှာဖြစ်ပါတယ်....
1). Download Link for The Voice Journal
2). Download Link for Mizzima News
3). Download Link for Hot News
အသေးစိတ်ကြည့်ရူ့လိုပါက အောက်ပါမူရင်းလင့်များတွင်လည်းလေ့လာနိုင်ပါတယ်။
http://www.bitmyanmar.com.mm/kanaung/thevoice
http://www.bitmyanmar.com.mm/kanaung/mizzima
http://www.bitmyanmar.com.mm/kanaung/hotnews

Android Phone အတွက် Mingalar Cinemas app လေးပါ
ရုပ်ရှင်ချစ် ပရိတ်သတ်များအတွက် မြန်မာနိုင်ငံကပဲ ရေးထားတဲ့ apk ဖိုင်လေးပါ။ မင်္ဂလာရုပ်ရှင်ရုံတွင်
ပြသလျှက်ရှိသော ဇာတ်ကားများ၊ ဇတ်လမ်းအကျဉ်းများကို ကြည့်ရူ့နိုင်ပါတယ်။ ရန်ကုန်မြို့အတွင်းရှိ
ရုပ်ရှင်ရုံဖုန်းနံပါတ်များ၊ လိမ်စာများလည်းပါရှိပါတယ်။ တစ်ခုအဆင်ပြေတာက ဒီ application လေးထဲ
ကနေပဲ ဖုန်းတမ်းခေါ်လို့ရပါတယ်။
Download Link
အသေးစိတ်သိရှိလိုပါက အောက်ပါ မူရင်း web page တွင်ဖတ်ရူနိုင်ပါတယ်။
http://www.bitmyanmar.com.mm/kanaung/mingalar

Sunday, November 4, 2012
Useful Applications
Android ဖုန်းတွေစပေါ်ခါစက ထည့်သွင်းခဲ့တဲ့ Applications လေးတွေပါ Version နှိမ့်ဖုန်းတွေအတွက်သုံးရတာအဆင်ပြေမယ်
လို့ထင်ပါတယ်...အထူးသဖြင့် Version 1.6+ 2.1 တွေမှာပါသုံး
လို့ရနိုင်ပါတယ်...
သုံးစွဲသူတွေအဆင်ပြေအောင်download link နှင့်အတူအသုံးဝင်
ပုံလေးတွေကိုပါရှင်းလင်းဖော်ပြ ထားပါတယ်။
ဒီapplication လေးကတော့
မိမိရဲ့ဖုန်းကို ဒီဇိုင်းတစ်မျိုးနဲ့မြင်ချင်သူတွေအတွက် အဆင်ပြေမှာပါ။ ဖုန်းအတွင်းရှိ
applications များကိုလည်း ဒေါင်လိုက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Download Link for aHome
Download Link for Better Keyboad
Download Link for Contact Slidebar
04). Image Lock
ဓါတ်ပုံတွေကို lock ချနိုင်တဲ့ app လေးတစ်ခုပါ။ မိမိဖုန်းအတွင်းမှာ သူများမမြင်စေချင်တဲ့ ပုံလေးတွေရှိရင်တော့ သုံးသင့်တာပေါ့။ :P
Download Link for Image Lock
05). Calender Widget
ပြက္ခဒိန် Widget လေးတစ်ခုပါပဲ။ လိုအပ်သူများ download လုပ်နိုင်ပါတယ်။
Download Link for Calendar Widget
Download Link for Teskiller
Download Link for Tube Downloader
Download Link for Viber For Free Call
Download Link for Firefox
အချိန်မပေးနိုင်သူတွေအတွက် လမ်းသွားရင်း၊ကားစီး ရင်းစာဖတ်နိုင်တဲ့ app လေးဖြစ်တဲ့အတွက် အသုံးဝင်မှာပါ။
Download Link for Quick Office
Download Link for VLC Player
Download Link for Dolphin Browser
Download Link for Call recoder
Download Link for Titanium Backup
Download Link for Facebook
Download Link for Web video Downloader
လို့ထင်ပါတယ်...အထူးသဖြင့် Version 1.6+ 2.1 တွေမှာပါသုံး
လို့ရနိုင်ပါတယ်...
သုံးစွဲသူတွေအဆင်ပြေအောင်download link နှင့်အတူအသုံးဝင်
ပုံလေးတွေကိုပါရှင်းလင်းဖော်ပြ ထားပါတယ်။
01). aHome
Download Link for aHome
02). Better Keyboard
Android
Phone တွေအတွက် keyboards တွေအများကြီးရှိတဲ့အနက် ယခု app လေးကလည်း လှပပြီးသပ်ရပ်တဲ့
keyboard လေးတစ်ခုပါပဲ။Download Link for Better Keyboad
03). Contact Slidebar
လှပတဲ့
Widget လေးတစ်ခုပါပဲ။ မိမိရဲ့ချစ်လှစွာသောလူလေးယောက် (သို့) အဆက်အသွယ်များတဲ့ လူလေးယောက်ကို ဒေါင်လိုက်မြင်ရမှာဖြစ်ပြီးအဲ့ဒီနေရာကနေပဲ msgပို့ ဒါမှမဟုတ်ဖုန်းခေါ်နိုင်ပါတယ်။ ဖုန်းခေါ်မယ်ဆို contact ထဲဝင်နေစရာမလို၊ msg ပို့မယ်ဆိုလည်း msg ထဲဝင်စရာမလိုတော့ပဲ လျှင်မြန်စွာနဲ့ခေါ်ဆိုနိုင်၊ msg ပို့နိုင်တဲ့အတွက် အရမ်းကိုအသုံးဝင်တဲ့ appလေးဖြစ်ပါတယ်။Download Link for Contact Slidebar
04). Image Lock
ဓါတ်ပုံတွေကို lock ချနိုင်တဲ့ app လေးတစ်ခုပါ။ မိမိဖုန်းအတွင်းမှာ သူများမမြင်စေချင်တဲ့ ပုံလေးတွေရှိရင်တော့ သုံးသင့်တာပေါ့။ :P
Download Link for Image Lock
05). Calender Widget
ပြက္ခဒိန် Widget လေးတစ်ခုပါပဲ။ လိုအပ်သူများ download လုပ်နိုင်ပါတယ်။
Download Link for Calendar Widget
06). Task Killer
Android ဖုန်းအတွင်းရှိ
မလိုအပ်သည်များ run နေသည်ကို ရှင်းပေးသည့် app လေးဖြစ်ပါတယ်။ အဲ့လိုရှင်းပေးခြင်းဖြင့်
ဖုန်းရဲ့ လုပ်ဆောင်မူတွေက ပိုမိုသွက်လက်စေ ပါတယ်။ Android ဖုန်းတိုင်းမှာရှိသင့်တဲ့
application လေးတစ်ခုပါပဲ။Download Link for Teskiller
07). Tube Downloader
အင်တာနက်သုံးသူတိုင်းလိုလို
youtube site ကိုဝင်ဖူးကြမှာပါ။ မိမိတို့ရဲ့ဖုန်းမှာ youtube က videos ဖိုင်တွေကို
download ဆွဲဖို့အတွက် ဒီ app လေးကိုထည့်ပြီး download ဆွဲနိုင်ပါတယ်။Download Link for Tube Downloader
08). Viber
ဒီ
application လေးကတော့အခုနောက်ပိုင်း အရမ်းကို popular ဖြစ်လာတဲ့ app လေးပါ။ ဖုန်းနှစ်ခုစလုံးမှာ
အင်တာနက်လိုင်း (သို့) wifi ရှိရုံနဲ့ msg ပို့နိုင်တယ်။ ဓါတ်ပုံ ပို့နိုင်တယ်။ ဖုန်းလည်းပြောနိုင်ပါတယ်။
အင်တာနက်သုံးခလေးပဲ ကုန်ပြီး ဖုန်းပြောနိုင်တဲ့ အတွက် အရမ်းအသုံးဝင်တဲ့ app လေးတစ်ခုပါပဲ။Download Link for Viber For Free Call
09). Firefox Browser
ကွန်ပျူတာ
မှာသုံးတဲ့ browser တစ်ခုပါပဲ။ ဖုန်းမှာ နဂိုပါတဲ့ browser ထက်ပိုမိုမြန် ဆန်ပြီး သုံးရတာလည်းအဆင်ပြေတဲ့
app လေးတစ်ခုပါပဲ။ facebook လို app မထည့် ထားတဲ့သူတွေဆို ဒီ browser သုံးပြီး
facebook ဖွင့်တာက ဖုန်းမှာ နဂိုပါတဲ့ browser သုံး တာထက် ပိုမိုမြန်ဆန်တာကိုတွေ့ရမှာပါ။Download Link for Firefox
10). Quick Office
Pdf file,
word file, Excel file တွေကို Android ဖုန်းနဲ့ ဖတ်ရူ့လေ့လာနိုင်မှာဖြစ် ပါတယ်။ အိမ်မှာကွန်ပျူတာသုံးဖို့အချိန်မပေးနိုင်သူတွေအတွက် လမ်းသွားရင်း၊ကားစီး ရင်းစာဖတ်နိုင်တဲ့ app လေးဖြစ်တဲ့အတွက် အသုံးဝင်မှာပါ။
Download Link for Quick Office
11). VLC Player
ဖုန်းအတွင်းရှိ
video files များကို ကြည့်ရူ့နိုင်တဲ့ application လေးပါ။ တစ်ခုရှိတာ ထည့်ထားတဲ့
video files တွေက ဖုန်းအတွက် support ဖြစ်တဲ့ format ဖြစ်ဖို့တော့လို ပါတယ်။Download Link for VLC Player
12). Dolphin Browser
Firefox
Browser လိုပဲ အင်တာနက်ကြည့်နိုင်တဲ့ browser လေးတစ်ခုပါပဲ။ ဒီ app လေးကတော့ ငါးရုပ်ကလေးနဲ့
သပ်သပ်ရပ်ရပ် ရှိပြီး နှစ်လိုဖွယ်ကောင်းတဲ့ ဒီဇိုင်းလေးမို့ သုံးစွဲသူတွေ သဘောကျမှာသေချာပါတယ်။Download Link for Dolphin Browser
13). Call Recorder
ဒီ
application လေးကတော့ နှစ်ဦးနှစ်ဖက် ဖုန်းပြောတဲ့အသံတွေကို မှတ်ပေးထား တဲ့
software လေးတစ်ခုပါ။ ဒီလိုမှတ်ထားခြင်းဖြင့် အရေးကြီးတဲ့ လမ်းညွန်မူတွေပြော ထားတာကိုမေ့သွားတယ်ဆိုရင်
ဖုန်းပြောထားတာတွေကို ပြန်နားထောင်လို့ရပါတယ်။ တကယ့်ကိုအသုံးဝင်တဲ့ software လေးတစ်ခုပါ။
setting တွေလည်းချိန်လို့ရပါတယ်။ ဥပမာ - ဘယ်သူ့ဆီက လာတဲ့ဖုန်းကိုပဲ record လုပ်မယ်၊
ဘယ်နေရာမှာ fileတွေကို သိမ်းမယ်၊ file တွေကိုဘယ်နှစ်ခုအထိပဲ store လုပ်မယ် စသည့်ဖြင့်
ပြောင်းလဲပြင်ဆင်မူ တွေပြုလုပ်နိုင်ပါသေးတယ်။Download Link for Call recoder
14). Titanium Backup
Android ဖုန်းအတွင်းရှိ
data များကို backup လုပ်ပေးနိုင်တဲ့ application လေးတစ်ခုပါ။Download Link for Titanium Backup
15). Facebook
ဒီ app လေးကတော့
အင်တာနက်သုံးသူတိုင်း သိကြတဲ့ app လေးတစ်ခုပါ။ ယခု ခေတ်မှာ အရမ်းကို လူသုံးများတဲ့
app လေးဆိုလည်းမမှားပါဘူး။ ဒီapp လေးထည့်ထား ခြင်းဖြင့် ဖုန်းအတွင်းရှိ browser
address bar တွင် www.facebook.com ဟုရိုက်ပြီး
သုံးရန်မလိုတော့ပဲ app လေးဖွင့်ပြီး Sign In တစ်ခါတည်းပြုလုပ်နိုင်မှာပါ။Download Link for Facebook
16). Web Video Downloader
အင်တာနက်သုံးပြီး
website တွေကြည့်တဲ့အခါမှာ လိုချင်တဲ့ video files လေးတွေ တွေ့ရင် သိမ်းထားချင်ကြမှာပါ။
အဲ့လိုအခြေအနေမျိုးမှာအသုံးဝင်တဲ့ app လေးတစ်ခုပါပဲ။Download Link for Web video Downloader
မိတ်ဆက်ခြင်း
ကျွန်တော်ဟာ ပညာရှင်တစ်ယောက် မဟုတ်သလို ဘာသင်တန်းမှလည်း တက်ဖူးသူတစ်ယောက် မဟုတ်ပါဆိုတာကိုတော့ကြိုတင် အသိပေးထားချင်ပါတယ်...ဒီဘလော့လေးကိုရေးတယ်ဆိုတာကလည်း
ကျွန်တော်သိထားတာလေးတွေကိုမျှဝေတာဖြစ်တဲ့အတွက်.လိုအပ်ချက်များရှိပါကခွင့်လွှတ်နားလည်
ပေးစေချင်ပါတယ်...သိလိုတာမှန်သမျှကိုလည်း ကျွန်တော့်မေးလ်ကိုအပ်ပြီး မေးမြန်းနိုင်ပါတယ်ခင်ဗျာ
ကျွန်တော်အတတ်နိုင်ဆုံး အဖြေရှာပေးပါ့မယ်..."Android OS အသုံးပြုသူများအားလုံး ရွှင်လန်းချမ်းမြေကြပါစေလို့" ဆုတောင်းရင်း crazyandroidmen ဘလော့ကိုစတင်လိုက်ပါကြောင်း.........

Subscribe to:
Posts (Atom)