တရ အနေနဲ့သူငယ်ချင်းတို့အတွက် အသုံးဝင်မယ့် application လေးတွေ တင်ပေးလိုက်ပါ
တယ်။
1). SaveYourSMS (1.0.1)
မနေ့က
app တစ်ခုစမ်းရင်းနဲ့ ဖုန်းမက်စိတွေ အကုန်ပျက်ကုန်တယ်။ အရမ်း နှမျှောခဲ့ရတယ်။ အခန့်
မသင့်လို့ မက်စိတွေပျက်သွားရင် recovery လည်းလုပ်လို့ မရတော့ရင် သူသူကိုယ်ကိုယ် တန်ဖိုးထားရတဲ့ မက်စိလေးတွေရှိရင် နှမျှောကြမှာ ပဲလေ။ ဒီလိုအဖြစ်မျိုးမရှိရအောင် ဒီ appလေးကိုထည့်ထားခြင်းဖြင့် မက်စိတွေကို ကြိုတင်သိမ်းထားလို့ရပါတယ်။ လိုအပ်ပါက ဒေါင်းသွားနိုင်ပါတယ်….

2). How to Draw
ဒီ appလေးကတော့
ပုံဆွဲနည်းသင်ပေးတဲ့ appလေးပါ။ ပုံပေါင်း 60ကျော်ပါဝင်ပါ တယ်။ ခွေးပုံ၊ နဂါးပုံ၊ ပန်းပုံ၊
လိပ်ပြာပုံ၊ အိမ်ပုံအစရှိသည့်ပုံတွေဆွဲတဲ့နည်းကို တစ်ဆင့် ချင်းအခြေခံကနေသင်ပေးတဲ့အတွက်
ပန်းချီဆွဲဝါသနာပါတဲ့ သူတွေအတွက်အရမ်းအ သုံးဝင်တဲ့ application လေးဖြစ်ပါတယ်။ လိုအပ်ပါက
ဒါင်းသွားနိုင်ပါတယ်ဗျာ….
ဒါင်းသွားနိုင်ပါတယ်ဗျာ….
3). Tarot
ဒါလေးကတော့
ဗေဒင်မေးတဲ့ app လေးပါ။ ဒီ app လေးထဲမှာ Three Card Spread ဆိုတဲ့ ဗေဒင်
မေးနည်းလေးက အတော်လေးကိုမှန်ပါတယ်။ မေးတဲ့အခါမှာ ယုံကြည်မူရှိဖို့ နဲ့ မေးခွန်းကို တစ်ကြိမ်
တည်းမေးဖို့တော့ လိုအပ်ပါလိမ့်မယ်။ တစ်ခြားနည်းတွေလည်းအများကြီးပါတဲ့အတွက် Tarot ဗေဒင်
ကိုယုံတဲ့သူငယ်ချင်းတွေ ဒေါင်းသွားနိုင်ပါကြောင်း…..

4). MoboPlayer
ဒီ
player လေးကတော့ ဖုန်းထဲက video file များကို ကြည့်လို့ရတဲ့ player လေးပါ။ သပ်ရပ်လှပပြီး
သုံးရတာလည်းပေါ့ပါးမူရှိပါတယ်။ Galaxy Note II နဲ့ S3 တို့မှာလို screen ပေါ်မှာ
popup ပုံစံလေးနဲ့
လည်းကြည့်ရူနိုင်ပါသေးတယ်။ ကြည့် တဲ့အခါမှာလည်း ရုပ်ထွက်ကောင်းမွန်ပါကြောင်း၊ လိုအပ်ပါက
ဒေါင်းသွားနိုင်ပါတယ်။

5). Call Log Manager Pro
ဒီ app လေးကတော့
call duration ကြည့်လို့မရတဲ့ဖုန်းတွေမှာထည့်ထားရင် call duration ကြည့်
နိုင်ပါတယ်။ outgoing, incoming, missed call တွေကိုလည်း သပ်သပ်ခွဲပေးထားတဲ့အတွက် ကြည့်ရူ
ရတာလွယ်ကူပါတယ်။ call logs တွေကိုလည်း ရက်အပိုင်းအခြားနဲ့ရှာနိုင်ပါသေးတယ်။ contact တစ်ခုရဲ့ duration ကိုကြည့်ရင်းနဲ့ msg ကိုအမြန်ပို့လို့ရပါတယ်။ contact တစ်ခုချင်းစီကိုလည်းခွဲပေးထားတဲ့
အတွက် လူတစ်ယောက်က ဘယ်နေ့ဘယ်အချိန်တွေမှာ ကိုယ့်ဆီကို ဘယ်လောက်ဖုန်းခေါ် ထားလဲ၊ ကိုယ်ကသူ့ဆီကိုဘယ်လောက်ဖုန်းခေါ်ထားတယ်၊ miss call ဘယ်နှစ်ခါ ဖြစ်တယ်ဆိုတာကအစ ကြည့်လို့
ရတဲ့အတွက် အရမ်းကိုကောင်းတဲ့ softwareလေး တစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်းလိုအပ်ပါက
ဒေါင်းသွားနိုင်ပါတယ်ခင်ဗျာ…

No comments:
Post a Comment