Pages

Monday, December 17, 2012

MXLock


        ဒီ appလေးကတော့ ဖုန်းကို lock ချတဲ့ softwareလေးပါ။ ယုန်လေးပုံနဲ့အရမ်း ချစ်ဖို့ကောင်းပါတယ်။ software ကို install လုပ်ပြီးတာနဲ့ ယုန်ပုံလေးကိုနှိပ်ပြီး apply ကိုနှိပ်လိုက်ပါ။ ပြီးရင် ဖုန်းကို lock ချလိုက်တာနဲ့ app လေး run နေတာကိုမြင်ရမှာပါ။ ယုန်လေးက မျက်လုံးလေးပုတ်ခက်ပုတ်ခက်နဲ့သူ့ပါးကိုရိုက်ရင်ငိုတယ်။ ပါးစပ်လေးကို ပွပ်ပေးရင် သဘောတွေကျနေပါတယ်။
ခါင်းကိုရိုက်လိုက်ရင် နှာချီတယ်။ ပါးစပ် ဒေါင့်ကိုတွန်းလိုက်ရင အာဘွားပေးပါသေးတယ်။ မုန်လာဥနီကျွေးရင်တော့မစားပဲထွေး ထုတ်ပါသေးတယ်။ အရက်တိုက်မှပဲ unlock ဖြစ်ပါတယ်။ Call, SMS တွေကိုလည်း တိုက်ရိုက်သွားလို့ရပါသေးတယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ ယုန် locker softwareလေး ကိုလိုချင်တယ်ဆိုရင်တော့အောက်မှာ ဒေါင်းနိုင်ပါတယ်ခင်ဗျာ။

Fast Uninstaller


        ဒီ app လေးကတော့ ဖုန်းထဲက software တွေ၊ Game တွေကို အမြန်uninstall လုပ်တဲ့ app လေးပါ။ appထဲကိုဝင် မကြိုက်တဲ့ software, game တစ်ခုကိုနှိပ်လိုက် တာနဲ့တမ်းပြီး uninstall လုပ်ပေးပါတယ်။ ဖုန်းထဲမှာထည့်တာတွေအရမ်းများနေရင် နာမည်နဲ့ရှာလို့ရအောင်လည်း Search Box ကိုထည့်ပေး ထား ပါသေးတယ်။ သုံးရတာ လွယ်ကူပြီးအဆင်ပြေပါတယ်။ တစ်ချို့ဖုန်းတွေမှာလို setting>Apps>Uninstall ဆိုပြီး အဆင့်ဆင့်သွားစရာမလိုတော့တဲ့အတွက် လိုအပ်ပါက ဒေါင်းနိုင်ပါကြောင်း

Friday, December 7, 2012

Music Off.apk


       ဒီရက်ပိုင်း နေမကောင်းဖြစ်နေလို့ သူငယ်ချင်းတို့အတွက် appလေးတွေ၊ game လေးတွေမတင်ပေး
ဖြစ်တာပါ။ အခုတင်ပေးမယ့် app လေးကတော့ သီချင်းတွေကို timer ပေးပြီး ပိတ်တဲ့ appလေးပါ။ ညဘက်
သီချင်းနားထောင်ရင်း အိပ်ပျော်သွားပြီး ခလုတ်မပိတ်လိုက်မိလို့ battery ကုန်တဲ့အဖြစ်မျိုးမရှိတော့
ဘူးပေါ့။ သုံးပုံသုံးနည်းလေးကတော့ appကိုဖွင့်ပြီး လိုချင်တဲ့ အချိန်ကိုသတ်မှတ်ပြီး start ကိုနှိပ်လိုက်ရုံပါပဲ။ ကိုယ်သတ်မှတ် ထားတဲ့ အချိန်ပြည့်ရင် ဖွင့်ထားတဲ့ သီချင်းကသူဘာသူရပ်သွားပါလိမ့်မယ်။ ညဘက်
သီချင်းတော့မဟုတ်ဘူး အသံဖိုင်လေးတစ်ခုနားထောင်ပြီးမှ အိပ်ပျော်သွားတက်တဲ့ကိုယ့် အတွက်တော့  အရမ်းကိုအသုံးဝင်တဲ့အတွက် အလွန်နှစ်သက်ပါတယ်။ သူငယ်ချင်းတို့လည်းကြိုက်နှစ်သက်လိမ့်မယ် လို့မျှော်လင့်ပါတယ်။

Wednesday, December 5, 2012

အသုံးဝင်မယ့် Applications (5) ခု

ဒီနေ့ဟာ ကျွန်တော်တို့ ဒီ blog site လေးတည်ထောင်တာ တစ်လပြည့်တဲ့နေ့လေးပါ။အမှတ်
တရ အနေနဲ့သူငယ်ချင်းတို့အတွက် အသုံးဝင်မယ့် application လေးတွေ တင်ပေးလိုက်ပါ
တယ်။
 
1). SaveYourSMS (1.0.1)
        မနေ့က app တစ်ခုစမ်းရင်းနဲ့ ဖုန်းမက်စိတွေ အကုန်ပျက်ကုန်တယ်။ အရမ်း နှမျှောခဲ့ရတယ်။ အခန့်
မသင့်လို့ မက်စိတွေပျက်သွားရင် recovery လည်းလုပ်လို့ မရတော့ရင် သူသူကိုယ်ကိုယ် တန်ဖိုးထားရတဲ့ မက်စိလေးတွေရှိရင် နှမျှောကြမှာ ပဲလေ။ ဒီလိုအဖြစ်မျိုးမရှိရအောင် ဒီ appလေးကိုထည့်ထားခြင်းဖြင့် မက်စိတွေကို ကြိုတင်သိမ်းထားလို့ရပါတယ်။ လိုအပ်ပါက ဒေါင်းသွားနိုင်ပါတယ်….

2). How to Draw
        ဒီ appလေးကတော့ ပုံဆွဲနည်းသင်ပေးတဲ့ appလေးပါ။ ပုံပေါင်း 60ကျော်ပါဝင်ပါ တယ်။ ခွေးပုံ၊ နဂါးပုံ၊ ပန်းပုံ၊ လိပ်ပြာပုံ၊ အိမ်ပုံအစရှိသည့်ပုံတွေဆွဲတဲ့နည်းကို တစ်ဆင့် ချင်းအခြေခံကနေသင်ပေးတဲ့အတွက် ပန်းချီဆွဲဝါသနာပါတဲ့ သူတွေအတွက်အရမ်းအ သုံးဝင်တဲ့ application လေးဖြစ်ပါတယ်။ လိုအပ်ပါက
ဒါင်းသွားနိုင်ပါတယ်ဗျာ….

3). Tarot
        ဒါလေးကတော့ ဗေဒင်မေးတဲ့ app လေးပါ။ ဒီ app လေးထဲမှာ Three Card Spread ဆိုတဲ့ ဗေဒင်
မေးနည်းလေးက အတော်လေးကိုမှန်ပါတယ်။ မေးတဲ့အခါမှာ ယုံကြည်မူရှိဖို့ နဲ့ မေးခွန်းကို တစ်ကြိမ်
တည်းမေးဖို့တော့ လိုအပ်ပါလိမ့်မယ်။ တစ်ခြားနည်းတွေလည်းအများကြီးပါတဲ့အတွက် Tarot ဗေဒင်
ကိုယုံတဲ့သူငယ်ချင်းတွေ ဒေါင်းသွားနိုင်ပါကြောင်း…..

4). MoboPlayer
        ဒီ player လေးကတော့ ဖုန်းထဲက video file များကို ကြည့်လို့ရတဲ့ player လေးပါ။ သပ်ရပ်လှပပြီး သုံးရတာလည်းပေါ့ပါးမူရှိပါတယ်။ Galaxy Note II နဲ့ S3 တို့မှာလို screen ပေါ်မှာ popup ပုံစံလေးနဲ့
လည်းကြည့်ရူနိုင်ပါသေးတယ်။ ကြည့် တဲ့အခါမှာလည်း ရုပ်ထွက်ကောင်းမွန်ပါကြောင်း၊ လိုအပ်ပါက
ဒေါင်းသွားနိုင်ပါတယ်။

5). Call Log Manager Pro
        ဒီ app လေးကတော့ call duration ကြည့်လို့မရတဲ့ဖုန်းတွေမှာထည့်ထားရင် call duration ကြည့်
နိုင်ပါတယ်။ outgoing, incoming, missed call တွေကိုလည်း သပ်သပ်ခွဲပေးထားတဲ့အတွက် ကြည့်ရူ
ရတာလွယ်ကူပါတယ်။ call logs တွေကိုလည်း ရက်အပိုင်းအခြားနဲ့ရှာနိုင်ပါသေးတယ်။ contact တစ်ခုရဲ့ duration ကိုကြည့်ရင်းနဲ့ msg ကိုအမြန်ပို့လို့ရပါတယ်။ contact တစ်ခုချင်းစီကိုလည်းခွဲပေးထားတဲ့
အတွက် လူတစ်ယောက်က ဘယ်နေ့ဘယ်အချိန်တွေမှာ ကိုယ့်ဆီကို ဘယ်လောက်ဖုန်းခေါ် ထားလဲ၊ ကိုယ်ကသူ့ဆီကိုဘယ်လောက်ဖုန်းခေါ်ထားတယ်၊ miss call ဘယ်နှစ်ခါ ဖြစ်တယ်ဆိုတာကအစ ကြည့်လို့
ရတဲ့အတွက် အရမ်းကိုကောင်းတဲ့ softwareလေး တစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်းလိုအပ်ပါက
ဒေါင်းသွားနိုင်ပါတယ်ခင်ဗျာ…

Sunday, November 11, 2012

Easy Touch For Android

         ဒီ appလေးကတော့ iphone,ipad,ipod တွေရဲ့version 5 အထက်မှာအသုံးပြုနိုင်တဲ့ assistive touch နဲ့လုပ် ဆောင်မူခြင်းအတူတူပါပဲ။ Android Phone တွေမှာ home button ခဏခဏသုံးရင် ခလုတ်တွေပျက်လာတာ၊ အရောင် မှိန်လာတာတွေတွေ့ရပါတယ်။ ဒီ appလေးကိုသုံးမယ်ဆိုရင်တော့ home button သုံးစရာမလိုတော့ပါဘူး။ ဖုန်းထဲမှာ ဘာဂိမ်း၊ ဘာappပဲဖွင့်ဖွင့် အလုံးလေးတစ်ခုက
ဖုန်းရဲ့တစ်နေရာမှာ အမြဲပေါ်နေပြီး home screen ကိုရောက်အောင် နှိပ် လို့ရပါတယ်။ အဲ့ appလေးကို
သုံးပြီး ဖုန်းကိုlockလုပ်လို့ရပါတယ်။ ဒါအပြင့် ဖုန်းfunctionတွေဖြစ်တဲ့ အလင်းအမှောင်၊ Buletooth, Wifi, Apn အစရှိတာတွေ ကိုအဖွင့်အပိတ်လုပ်လို့ရအောင်လည်းလုပ်ပေးထားပါတယ်။ နောက် function တစ်ခု
ကတော့ Favourite ဆိုတဲ့ထဲမှာမိမိနှစ်သက်တဲ့၊ အသုံးများတဲ့ applications 8ခုကို shortcut အနေနဲ့ထည့်
ထား လို့ရပါတယ်။ အမြန်ဖွင့်လို့ရတဲ့အတွက်အဆင်ပြေတာပေါ့။ file size ကလည်း 1.17MBပဲရှိပါတယ်။ file size နည်းနည်း လေးနဲ့ အသုံးဝင်တဲ့ function တော်တော်များများပါတဲ့ app လေးကို လိုချင်တယ်
ဆိုရင်တော့ ဒေါင်းသွားနိုင်ပါတယ်ဗျာ။
Download Link for EasyTouch