Pages

Friday, May 17, 2013

Subway Surf

ဒီဂိမ်းလေးကတော့ မီးရထားတွေကြားထဲမှာ ပိုက်ဆံလေးတွေကို စွန့်စွန့်စားစားနဲ့ လိုက်သိမ်းရတဲ့ဂိမ်း
လေးပါ။ မီးရထားတိုက်မိရင်လည်း ရဲသားက လာဖမ်းပြီး ရူံးသွားပါတယ်။ လိုက်သိမ်းရတဲ့ ဇာတ်ကောင်
လေးကိုလည်းရွေးလို့ရပါသေးတယ်။ စွန့်စားဂိမ်းတွေဆော့ရတာကြိုက်ရင်တော့ ဒေါင်းသွားနိုင်ပါတယ်။

Download link for Subway Surf

Gold Miner

PC မှာတော့ တော်တော်လေးနာမည်ကြီးတဲ့ဂိမ်းလေးဖြစ်ပါတယ်။ အခုအဲ့ဂိမ်းလေးကို android phone အတွက် တင်ပေးလိုက်ပါတယ်။ ရွှေတုံးလေးတွေဆွဲရတဲ့ဂိမ်းလေးပါ။ ရွှေတုံးမဟုတ်တဲ့ ကျောက်ခဲ၊ အရိုးခေါင်း၊ ဗုံးတွေကိုဆွဲမိရင်တော့ အမှတ်နည်းနည်းပဲရပြီး အချိန်ကုန်မှာပါ။ level တစ်ခုကို ၁ မိနစ်ပဲ အချိန်ပေးထားလို့ ရွှေတုံးတွေမြန်မြန်ဆွဲနိုင်မှာ level တစ်ခုပြီးတစ်ခုတက်မှာပါ။ အရမ်းစိတ်လူပ်ရှားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းလေးမလို့ ကြိုက်နှစ်သက်ပါက download လုပ်နိုင်ပါတယ်။

Download link for Gold Miner

Baydin Package for Android

အခု post လေးရဲ့နာမည်ကို Baydin Package for Android လို့ပေးရတဲ့အကြောင်းအရင်း
ကတော့ အောက်ကလင့်ထဲမှာ ဗေဒင်နဲ့ ပတ်သက်တဲ့ application လေးတွေ လေးခု
ထည့်ပေးထားပါတယ်။ ဗေဒင်ကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ download ဆွဲသွားနိုင်ပါတယ် ခင်ဗျာ။
သူငယ်ချင်းများလည်းဗေဒင်မေးပြီးပျော်ရွှင်နိုင်ကြပါစေ။

01 Wheel of Fortune
လက်ထောက်ဗေဒင်လို့ခေါ်တဲ့ ဗေဒင်အမျိုးအစားလေးပဲဖြစ်ပါတယ်။ သိချင်တဲ့မေးခွန်းတွေကို
လက်ထောက်ပြီးမေးရတာပါ။ မေးခွန်း ၁၀၀ ပါပါတယ်။ ကိုယ်အမှန်သိချင်တဲ့မေးခွန်းမျိုးကို
မေးမှသာ မှန်နိုင်ခြေပိုများပါတယ်။

02 Badin
လူတိုင်းမှာ ပင်ကိုဇလေးတွေပါလာကြပါတယ်။ လောဘကြီးတဲ့လူလား၊ ဒေါသကြီးတဲ့လူလား၊
မေတ္တာရှင်ကြီးလား စတဲ့စိတ်တွေ ဘယ်စိတ်ကပိုပြီး ဦးဆောင်ထင်ရှားနေသလဲဆိုတာကို
တွက်ချက်ကြည့်တဲ့ application လေးပါ။ တော်တော်လေးမှန်တာကိုတွေ့ရမှာပါ။

03 Mahabote
ဒီ app လေးကတော့ ကိုယ့်မွေးသက္ကရာဇ်ကို အခြေခံပြီး ကိုယ်က ဘာဖွားလဲ၊ ဘာကြွင်းလဲ၊
စိတ်ထားကဘယ်လိုရှိလဲ ဆိုတာတွေကိုတွက်ချက်ပေးတဲ့ application လေးပါ။

04 M Tarot
Tarot ကဒ်ဆွဲပြီး လက်ရှိအခြေအနေအစုံကို ကဒ်ကလေးအောက်ကစာတွေမှာဖတ်လို့ရပါတယ်။
ပြီးတော့ အခြေအနေတစ်ခုခုကို yes (or) no သိချင်ရင်လည်းမေးလို့ရပါသေးတယ်။

Download link for Baydin Package




Android Phone & PC အတွက် Viber ဗားရှင်းအသစ်လေးပါ

ဒီ app လေးကတော့ အထူးရှင်းပြဖို့လိုမယ်မထင်ပါဘူး။ viber version အသစ်လေးပါ။ ဒီ app လေးမှာ ထူးခြားတာက 
video file တွေကို share လို့ရမယ်။ 
emotion icon လေးတွေပို့လို့ရမယ်။ 
contact picture လေးတွေကို အကြီးကြီးမြင်ရတာတွေဖြစ်ပါတယ်။  
သုံးချင်ရင်တော့ အောက်မှာပေးထား တဲ့ Viber For Android ဆိုတဲ့ လင့်ကနေ download ဆွဲနိုင်ပါတယ်။

viber ကို PC မှာ install လုပ်ပြီး ဖုန်းမှာ လုပ်ဆောင်သလို လုပ်ဆောင်ချက်တွေလုပ်ဆောင် လို့ရပါသေးတယ်။ အောက်မှာ ပေးထားတဲ့ Viber For PC ဆိုတဲ့ လင့်ကနေ download ဆွဲပါ။ ပြီးတော့ computer မှာ install လုပ်ပါမယ်။ install လုပ်မယ့် PCမှာ အင်တာနက်တော့ရှိဖို့လိုပါတယ်။ ပြီးရင် မိမိဖုန်းနံပါတ်ထည့်ပါမယ်။ ခဏနေရင် ဖုန်းကို viber msg ၀င်လာပါမယ်။ ၀င်လာတဲ့ နံပါတ်လေးလုံးကိုထည့်ပြီးတာနဲ့ computer မှာ viber သုံးလို့ရပါပြီ။

ကဲ...သူငယ်ချင်းတို့လည်း viber version အသစ်လေးကို computer မှာကော၊ ဖုန်းမှာကော install လုပ်ပြီး မိမိချစ်တဲ့လူတွေနဲ့ ဖုန်းပြောနိုင်၊ ချက်နိုင်ကြပါစေ။

Viber For Android 

Viber For PC

Sunday, May 12, 2013

Lenovoideatab A2207A-H ကို onclick နှိပ်ပြီး root လုပ်မယ်

     


ကျွန်တော့် ချစ်သူလက်ဆောင်ဝယ်ပေးထားတာလေးပါ
ရန်ကုန်မှာ root လုပ်လို့မရသေးဘူးပြောပါတယ် ကျွန်တော်ကတော့ online မှာပဲရှာနေခဲ့တာ
မြန်အောင်သားဘလော့မှာ ကိုဖြိုးကြီးရေးထားတာကိုကျွန်တော်တွေ့တောလိုက်လုပ်တာအဆင်မပြေပါခင်ဗျာ
ဒါနဲ့ကျွန်တော် Yahooမှာပါလိုက်ရှာတော့ Rooting tool လေးတစ်ခုတွေ့လိုက်ရပါတယ်..
အဲtool ကအရမ်းအဆင်ပြေသလို root လုပ်ရတာလဲလွယ်ကူပါတယ်
   အောက်ကလင့်လေးမှာဒေါင်းလိုက်ပါ  download လုပ်ရန်အလယ်မှမျှားလေးကိုနှိပ်ပါ
        Download Root tool

    ပြီးရင်တော့ ကိုဖြိုးကြီးပေးထားတဲ့ pc sutiable ကိုလည်း
အောက်မှာဒေါင်းလိုက်ပါ
   PC sutitable from myanaungthar

pc su ကိုအရင် install လုပ်ပြီးမှ root0414 folder ထဲက root ဆိုတဲ့ application လေးကို run လိုက်ပါ
ဒါဆိုရင် Root ဆိုတာနဲ့ တရုတ်လိုရေးထားတဲ့စာလေးပေါ်လာပါပြီ အဲဒါလေးကိုနှိပ်လိုက်ယုံနဲ့တင် tablet လေးမှာ auto restart ဖြစ်ပြီ root ဖောက်ပြီးသားဖြစ်သွားပါပြီခင်ဗျာ...တစ်ခုပြောချင်တာကတော့
supersu ကတော့ တရုတ်version ဖြစ်နေပါတယ်..အားလုံးအဆင်ပြေပါစေခင်ဗျာ....